မင်္ဂလာပါ လာ​ရောက်​လည်​ပတ်​သူများရွှင်​လန်း ချမ်း​မြေ့ကြပါ​စေ လိုအပ်ချက်များရှိခဲ့ရင် Facebook Messenger, Group, Page မှ တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်

Tuesday, October 3, 2017

၁၆။ မိမိဘလော့ကို Google မှာ ရှာဖွေနိုင်အောင်



Search Engine မှာရှာဖွေနိုင်အောင်လုပ်ခြင်းဟာလည်း ကိုယ့်ဆိုဒ်ကို လူသိများအောင်လုပ်တဲ့နည်းတွေထဲမှာတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အကယ်၍ သင့်မှာ ဝက်ဘ်ဆိုဒ်တစ်ခုပိုင်ဆိုင်ထားတယ်ဆိုရင် ကိုယ့်ဆိုဒ် ဂူးဂယ်မှာ ရှာလို့ရနိုင်ပြီလား စစ်ဆေးကြည့်ပါ။ မရဘူးဆိုရင်တော့ ဒီနည်းလေးနဲ့လုပ်လိုက်မယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။
           ပထမဆုံးအနေနဲ့ { ဒီလင့် } လေးကိုအရင်သွားလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ Google အကောင့်နဲ့ Sign In ဝင်လိုက်ပါ။ ပြီးရင် URL ဆိုတဲ့နေရာမှာ ကိုယ့်ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ အောက်မှတော့ အပေါ်ကပုံမှာပြထားတဲ့အတိုင်းရိုက်ထည့်ပြီးရင် Submit Request ဆိုတာလေးကိုနှိပ်လိုက်ပါ။

                ဒီလိုပြီးရင်တော့ သင့်ရဲ့ Request ဟာ ဂူးဂယ်လ်ဆီကိုရောက်ရှိသွားမှာဖြစ်ပြီး နောက်တစ်ပါတ်လောက်အကြာမှာ သင့်ရဲ့ဆိုဒ်ကို Google မှာရှာဖွေနိုင်ပြီပဲဖြစ်ပါတယ် . . .။
                ဒီလိုလုပ်ပြီးတစ်ပါတ်လောက်ကြာပါက Google Search မှာ site:yoursite.com ဆိုပြီးစမ်းသပ်ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ဆိုဒ်မှာရှိတဲ့ Result တွေ ရှာဖွေရာမှာပေါ်လာပြီဆိုရင်တော့ သင်ရဲ့ဆိုဒ်ကို Google မှာ Bookmark လုပ်တာအောင်မြင်သွားပါပြီ။
                အားလုံးအဆင်ပြေပြေလုပ်နိုင်ကြပါစေဗျာ . . .။




ကျေးဇူးရှင်မိဘနှစ်ပါး နှင့် သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ အားလုံးတို့ အား ဦးထိပ်ပန်ဆင်လျက်    

တင်သမျှ Post တွေကို Facebook စာမျက်နှာက ဖတ်ချင်တယ်ဆိုရင်{ Facebook } or { Facebook } or { Page } ဆိုတာနှိပ်ပြီ Facebook မှလာရောက်အားပေးခဲ့ပါနော



လိုအပ်ချက်များရှိခဲ့ရင် { သည်မှာ } နှိပ်ပြီးမူရင်းသွားရောက်လေ့လာမေးမြန်းနိုင်ပါသည်


















No comments:

Post a Comment